ICM 2019 Exam Timetable


**Exam Fees များကိုတော့ မိမိဖြေဆိုမည့် Exam Series မတိုင်မီ ၄လ ကြိုတင်ပြီး (USD 110 နှင့်ညီမျှသော မြန်မာကျပ်ငွေ) ပေးသွင်းရမည်ဖြစ်သည်။**



စာမေးပွဲသွားရောက်ဖြေဆိုရာတွင် သတိပြုရန် အချက်အလက်များမှာ -
  • ၁။ ICM Logo ပါကျောင်းသားကဒ် (SFU မှကျောင်းသားကဒ်မဟုတ်ပါ) ယူဆောင်သွားရပါမယ်။
  • ၂။ မှတ်ပုံတင် (သို့) လိုင်စင် (သို့) ဓါတ်ပုံပါသော ID card တစ်ခုခုယူဆောင်သွားရပါမည်။
  • ၃။ မင်အနက် ဖြင့်သာဖြေဆိုနိုင်ပါသည်။
  • ၄။ စာမေးပွဲချိန်ထက် (၁) နာရီ ကြို၍ မနက်ပိုင်း ဖြေဆိုရမည့်သူများ (၈) နာရီ ၊ ညနေပိုင်း ဖြေဆိုရမည့်သူများ (၁) နာရီ ရောက်ရှိနေရပါမည်။
  • ၅။ စာမေးပွဲအချိန်ထက် (၁၅) မိနစ်ထက်ပိုနောက်ကျ၍ ရောက်လာပါက ဖြေဆိုခွင့်ရမည်မဟုတ်ပါဘူးခင်ဗျာ။
  • ၆။ စာရေးကိရိယာအစုံ ယူဆောင်သွားရမယ်။ (ဘောပင်အိတ်များ စာမေးပွဲခန်းတွင်းသို့ယူဆောင်၍မရပါ။)
  • ၇။ Air-con အေးတတ်သောကြောင့် အနွေးထည်ယူဆောင်သွားသင့်ပါသည်။
  • ၈။ အိတ်များကို စာမေးပွဲခန်းပြင်ပတွင်ထားခဲ့ရမည်ဖြစ်ပါသဖြင့် တန်ဖိုးကြီးပစ္စည်းများယူဆောင်လာခြင်း မပြုပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။
  • ၉။ ICM Card စာမေးပွဲဖြေဆိုသည့်နေ့တွင် ယူဆောင်လာခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်မပြုပါဘူးခင်ဗျာ။
  • ၁၀။ ICM Card အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့ပါက ကျောင်းသို့ (၁)ပတ် အလို ကြိုတင်ပြောပေးပြီး reg.strategyfirst@gmail.com သို့ Pass-Port ဓါတ်ပုံ ၊ ဖြေမည့်ဘာသာရပ် ၊ မွေးနေ့ နှင့် ICM Card No. ပေးပို့ပေးပါရန် မေတ္တာရပ်ခံပါတယ်။

*** ICM Logo ပါသော ကျောင်းသားကဒ် ရှာမတွေ့တာတို့ ပျောက်တာတို့ ရှိရင် ကြိုတင်ပြီးပြောပေးပါခင်ဗျာ။ BC ကို တစ်ရက် ကြိုတင်အကြောင်းကြားပေးရမှာ ဖြစ်လို့ပါခင်ဗျာ။ ***

စာမေးပွဲနေရာတွင် SFU မှ ဝန်ထမ်း (၁) ဦး (အနည်းဆုံး) ရှိပါမည်။ လိုအပ်မှုများရှိပါက ဖုန်းနံပါတ် 09-09250717166, 09-09250717167, 09-09250717168 သို့ဆက်သွယ်နိုင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအားလုံး စာမေးပွဲတွင်အကောင်းဆုံးဖြေဆိုနိုင်ပါစေကြောင်း SFU အဖွဲ့သူ၊ အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။


စာမေးပွဲဖြေဆိုရမည့် နေရာမှာ ၃ နေရာဖြစ်နေပါသဖြင့် မိမိဖြေဆိုမည့်ဘာသာရပ်နှင့် ဖြေဆိုရမည့် နေရာ၊ အချိန်၊ နေ့ရက်ကို သေချာစွာ ကြည့်ရှုပေးကြပါ။