ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက်

SFU Certificate in Own Business Management (Online) သင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ တွင် အွန်လိုင်း သီးသန့် ဖွင့်လှစ်သွားပါမည်။

📌 ကိုယ်ပိုင်လုပ်ငန်းများကိုစနစ်တကျ စီမံခန့်ခွဲနိုင်အောင်ဘာတွေ သင်မလဲ?

ဆရာကြီး၊ ဆရာမကြီးများမှ လုပ်ငန်းရှင်များအတွက် မိမိစီးပွားရေးလုပ်ငန်းတွင် လိုအပ်သောစွမ်းဆောင်ရည်များ ၊ စီမံခန့်ခွဲမှုဆိုင်ရာသဘောတရားများ၊ စီမံခန့်ခွဲသူတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများ နှင့် မိမိလုပ်ငန်းရဲ့ အရှုံးအမြတ်စာရင်းတွေ၊ ဈေးကွက်တွင် ထိုးဖောက်ရန်အတွက် ကောင်းမွန်သော ကြော်ငြာများ နှင့် အရောင်းမြှင့်တင်မှုပိုင်းဆိုင်ရာများကို လည်းသင်ကြားပေးသွားပါမည်။ ထို့အပြင် လုပ်ငန်းထဲတွင် ထုတ်လုပ်မှုနှင့် လုပ်ငန်းစဉ် လည်ပတ်ခြင်းဆိုင်ရာသဘောတရားများ၊ ဝန်ထမ်းပိုင်းဆိုင်ရာ ရွေးချယ်ခန့်ထားခြင်းအကြောင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အတွေ့ကြုံရှိ ဆရာကြီး၊ ဆရာမကြီးများမှ Lecture Videos + Workshops (ZOOM) များ ဖြင့် သင်ကြားပေးသွားပါမည်။

 

သင်ကြားပေးမည့် ဘာသာရပ်ခေါင်းစဉ်များနှင့် ဆရာ၊ ဆရာမများ -

Certificate in Own Business Management (63 hours)

1. General Management | ပါမောက္ခ ဒေါက်တာဒေါ်လှ မြင့်, B. Com (Hons), M. Com, D.Litt (YIE)

2. Customer Relationship and Loyalty | ဒေါက်တာစိန်မင်း, B. Com (Hons), M. Com (YIE) , Ph.D. (Passau University , Germany)

3. Human Resource Management | ဒေါက်တာ ဒေါ်ဥမ္မာမြင့်, Ph.D. (HRM, Delhi), M. Com, B. Com (Hons, YIE)

4. Financial Management | ဒေါ် ဌေးဌေးမြင့်, M. Com, B. Com (Hons, YIE)

5. Operations Management | ဒေါ်အေးအေးဝင်း , M.A (Int’l Business Studies, Sophia University , Japan), M. Com, B. Com (Hons, YIE), Diploma in English

6. Soft Skills for Leader & Strategies for entrepreneurs | ဦးအောင်ချစ်ခင်, MBA (Nottingham), PG Dip M, Dip M (CIM, UK) Founder/ President (Strategy First University)

--------------

👩💻👨💻သင်ကြားမှုပုံစံ (Lecture Videos + Online Discussion Workshop)

“သင်ခန်းစာများကို Online Only ဖြင့် သင်ကြား ပေးသွားမည် ဖြစ်သည်။

သင်တန်းတက်ရောက်ရမည့်ပုံစံသည် မိမိတို့ အဆင်ပြေသော အချိန်တွင် ကြိုတင်ရိုက်ကူးထားသည့် သင်ခန်းစာ Video များကို ကြိုတင်လေ့လာရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုချင်းဆီအလိုက် လက်တွေ့ပိုင်းဆိုင်ရာ Face to Face Online Workshop အတန်းချိန်များကို Online မှ ZOOM ဖြင့် တက်ရောက်ပေးရပါမည်။ ဘာသာရပ်စုစုပေါင်း (၆) ခုစာ အတွက် Lecture Video နာရီ ပေါင်း (၃၀) နှင့် ZOOM Discussion (၁၃) ကြိမ် (၃၂)နာရီ ကိုတက်ရောက်ရမည်။

-----------

⏰သင်တန်းကာလနှင့် ကြာမြင့်မည့်အချိန်

သင်တန်းကာလမှာ တစ်လခွဲကြာမြင့်ပါမည်။

(ဘာသာရပ်တစ်ခုကို ZOOM Workshop နှစ်ချိန်သာတက်ရောက်ရပါမည်။

-----------

သင်တန်းကြေးပေးသွင်းပုံများ

သင်တန်းကြေးကို အရစ်ကျ (၂) ကြိမ်ခွဲသွင်းနိုင်ပါသည်။

*သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်

Wave Money | KBZ Pay | AYA Pay |Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။

* ငွေပေးချေပြီးသော Screenshot ကို SFU Facebook Page Messenger သို့ပေးပို့ရပါမည်။

* Payment Screenshot လက်ခံရရှိပြီးပါက သင်တန်းတက်ရောက်ရန်အတွက် အသေးစိတ် ပြန်လည်ပို့ပေးသွားပါမည်။

အသေးစိတ်ကို သိရှိလိုပါက

☎️ 09 250717166, 09 444 555 617 သို့ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။

-------------------------------

မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။

💰သင်တန်းကြေး အထူးအစီစဉ်များ

-မူလသင်တန်းကြေး - ၂၇၅,၀၀၀ ကျပ်။

-SFU, SFUx ကျောင်းသား၊ကျောင်းသူဟောင်းအထူးဈေးနှုန်း - ၂၅၀, ၀၀၀ ကျပ်။

- ကျောင်းသားသစ် SME Registration Card ရှိသူများ အထူးဈေးနှုန်း - ၂၅၀, ၀၀၀ ကျပ်။

-ကျောင်းသား၊ကျောင်းသူဟောင်းများ၏သူငယ်ချင်းများတက်ရောက်လျှင် Refer (၁) သောင်းကျပ် သက်သာပါမည်။

-SFU OBM L2 | OBM L3 | SFUx DBME |SQA DBME တစ်ခုခုတက်ရောက်ပြီးသောသူများသည် သင်တန်းကြေး (၂၉, ၅၀၀) ကျပ်သာကျသင့်မည်။