Start Date : 21-December-2023
End Date : 26-September-2024
Schedule : Thursday (7:00 pm to 9:00 pm)
Duration : 9 months
Class Code : SFU-PDLSCM-OLB-09-23-01 (Online)
Place : Myaynigone Teaching Center(1) Yangon,
Lecturer : U Aung Khin Myint,
Lecturer : U Win Naing Nyunt,
SFU Professional Diploma in Logistics and Supply Chaing Management
မိမိတို့၏ လုပ်ငန်းခွင်အတွင်းပိုမိုတိုးတက်မှုများရှိအောင် ပြင်ဆင်လိုသူများ Online Platform မှတဆင့် Professional Diploma များကို အချိန်ကုန်သက်သာစွာ လေ့လာသင်ယူနိုင်ပြီဖြစ်ပါသည်။
SFU Professional Diploma in Logistics & Supply Chain Management မှာဘာတွေလေ့လာသင်ကြားရမှာလဲ?
Logistics Management ဆိုတာ Organization တစ်ခုလုံးနဲ့ မားကတ်တင်း channel တွေရဲ့ မဟာဗျုဟာကျကျ ကုန်ပစ္စည်း များ ဝယ်ယူခြင်း ကစပြီး ကုန်ပစ္စည်းများ လည်ပတ်စီးဆင်းမှုနဲ့ ထုတ်ပိုး သိမ်းဆည်းမှုဆိုင်ရာအဆင့်ဆင့် လုပ်ငန်းများကို စီမံကွပ်ကဲခြင်း ဖြစ်ပါတယ်။ Supply Chain Management ကတော့ ကုန်ကြမ်းတွေကို ထောက်ပံ့ပေးနေတဲ့ Supplier တွေကစပြီး သုံးစွဲသူတွေဆီရောက်တဲ့အထိ ပါဝင်တဲ့ ကြားခံကွန်ယက် များကိုစီမံခန့်ခွဲခြင်းဖြစ်ပါတယ်။
Logistics & Supply Chain Management မှာ အခန်းကဏ္ဍ ပေါင်းများစွာပါဝင်ပြီး၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာစီမံခန့်ခွဲမှု အပိုင်း၊ ကုန်ကြမ်းများဆိုင်ရာ စီစဉ်ဆောင်ရွက် ပေးရတဲ့အပိုင်း၊ ကုန်ပစ္စည်းများကိုလက်လီလက်ကားဖြန့်ဝေခြင်း ၊ကုန်ပစ္စည်း စာရင်းပြုစုခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်းနဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ကုန်ကျစရိတ်များကိုထိန်းချုပ်ခြင်းစတဲ့ အခန်းကဏ္ တွေကိုလေ့လာ ရမှာပဲဖြစ်ပါတယ်။
မိမိတို့ရွေးချယ်ထားသော Career ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာဖြင့် လုပ်ကိုင်နိုင်ရန်အတွက် Strategy First University မှ ချီးမြှင့် သော SFU Professional Diploma များကို On campus သင်တန်းတန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားသွားပါမည်။
ဘယ်သူတွေတက်ရောက်သင့်လဲ?
NGO များတွင် Logistics & Supply Chain ဆိုင်ရာစီမံခန့်ခွဲမှုပိုင်းတွင် လုပ်ကိုင်နေသူများ၊
- ကိုယ်ပိုင် လုပ်ငန်းရှင်များ၊
- မန်နေဂျာများ၊
- Trading၊ export နှင့် import
- Warehousing စ တဲ့ အပိုင်းမှာလုပ်ကိုင်နေသူများ တက်ရောက်သင့်တဲ့ program တစ်ခု ဖြစ်ပါတယ်။
SFU Professional Diploma in Logistics & Supply Chain Management မှာအဓိက ဘယ်လိုModule တွေသင်ကြားရမှာလဲ ?
သင်ကြားရမည့် Module များကတော့ -
Module 1 – Logistics Management
Module 2 – Purchasing & Supply Chain Management
Module 3 – Distribution Management
Module 4 -Ethics & Contemporary Issues in Supply Chain Management
ဘယ်လိုသင်ကြားပေးသွားမှာလဲ?
၁။ ဆရာကြီး၊ဆရာမကြီးများမှကြိုတင်ရိုက်ကူးထားသော ဗီဒီယိုသင်ခန်းစာများကို Online တွင် လေ့လာရမည်။
၂။ ကြိုတင်လေ့လာပြီးသော ဗီဒီယိုသင်ခန်းစာများကို လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Face to Face workshop အတန်းချိန်များကိုတော့ သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း On campus တွင် အပတ်စဉ်တစ်ပတ်(၁)ရက်တက်ရောက်ပေးရပါမည်။
ကြာမြင့်ချိန်
SFU Professional Diploma တစ်ခုအတွက် သင်ယူမှုကာလ (၉) လကြာမြင့်ပါမည်။
စာမေးပွဲနှင့် အရည်အသွေးစစ်ဆေးခြင်း
စာမေးပွဲအနေဖြင့်ဘာသာရပ်ပေါ်မူတည်ပြီး Online Quiz MCQ + Assessment များဖြင့် ဖြေဆိုရပါမည်။ Assessment ဖြေဆိုရာတွင်ဘာသာရပ် Learning Outcome ပေါ်မူတည်ပြီး Assessment Type ကွာခြားမှုရှိပါမည်။ အတန်းတွင်း Activity များအနေဖြင့် Group အလိုက်၊ တစ်ဦးချင်းစီ (သို့) အဖွဲ့လိုက် Quiz, Assignment, Presentation များလည်းရှိပါမည်။
သင်တန်းကြေးပေးသွင်းပုံများ
*သင်တန်းကြေးများကို အရစ်ကျ (၂)ကြိမ် ခွဲသွင်းနိုင်ပါသည်။
* သင်တန်းကြေးကို တစ်ကြိမ်တည်းအကျေပေးသွင်းပါက ရရှိထားသော Scholarship များ၊ Discount များ ၊ ခံစားခွင့်များနုတ်ပြီးနောက်ဆုံးကျန်ရှိသောပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Discount ရရှိမည်ဖြစ်ပါသည်။
*သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်
• Wave Money
• KBZ Pay
• AYA Pay
• Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။
* ငွေပေးချေပြီးသော Screenshot ကို Strategy First University Facebook Page Messenger သို့ပေးပို့ရပါမည်။
* Payment Screenshot လက်ခံရရှိပြီးပါကသင်တန်းတက်ရောက်ရန်အတွက် လုပ်ဆောင်ချက်များကို အသေးစိတ် ပြန်လည်ပို့ပေးသွားပါမည်။
-----------------------------------------
ဖုန်းနံပါတ် 09-250717166, 09-250717167, 09-250717168, 09 76543 4000
သို့ ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။
--------------------------------------------
မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။
* ယခု On campus သင်တန်းကြေး - ၆၂၅,၀၀၀ ကျပ် + Textbook Fees (SFU Professional Diploma Assessment Fees - 55000 ကျပ်ပါပြီး)
* Old Student Discount - ၁၀၀၀၀၀ ကျပ် (Save)
* Referral Discount - ၅၀၀၀၀ ကျပ် (Save)