🎓SFU Professional Diploma in Strategic Management and Leadership 🎓

 

📚 SFU_Professional Diploma in Strategic Management and Leadership မှာဘာတွေလေ့လာသင်ကြားရမှာလဲ?

Strategic Management ဘာသာရပ်မှာတော့ လုပ်ငန်း၏ ရည်ရွယ်ချက်များ ပြီးမြောက်ရန်အတွက် လုပ်ငန်း၏နည်းဗျူဟာ အဆင့်မှ အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း များကို လေ့လာရမည်ဖြစ်ပြီး၊ လုပ်ငန်းအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ၊ နည်းပညာ အပြောင်းအလဲများ အပေါ်သုံးသပ်လေ့လာပြီး နည်းဗျူဟာမြောက် အခွင့်အလမ်းများ ရရှိရန်အတွက် လုပ်ငန်း၏ ရည်မှန်းချက်မှတ်တိုင်များ ချမှတ်ခြင်းများ လေ့လာရမည်ဖြစ်သည်။

ထို့နောက်သတ်မှတ် ထားသော ရည်မှန်းချက်များပြည့်မှီရန်အတွက် ရေးဆွဲထားသည့် နည်းဗျူဟာများအပေါ် မှုတည်၍ နည်းဗျူဟာမြောက် ဆုံးဖြတ်ချက် များနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များ (Action Plans) ရေးဆွဲခြင်း၊ ထိုအစီအစဉ်များ အသက်ဝင်လာရန်အတွက် လိုအပ်သော လုပ်ငန်းအတွင်းရှိ ဌာနတို့နှင့် ပူးတွဲလုပ်ကိုင်ပြီး ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိဖို့ လုပ်ဖော်ကိုင်ဖက်များအား တက်တက်ကြွကြွ ပူပေါင်း ပါဝင်ဆောင်ရွက်လာစေရန် မည်သို့ စီမံခန့်ခွဲရမည်၊ မည်သို့ ဦးဆောင်ရမည် Leader တစ်ဦးတွင်ရှိရမည့် ကျင့်ဝတ်နှင့် အခြားသော အရည်အချင်းများကိုလည်း သင်ကြားပို့ချသွားမှာ ဖြစ်ပါသည်။ အကြောင်းအရာများနဲ့ ပတ်သက်ပြီးလည်း လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။

 

👥 ဒီသင်တန်းကိုဘယ်သူတွေတက်သင့်သလဲ?

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ ၊ ကုမ္ပဏီ၏ Management Level တွင် ဝင်ရောက်လုပ်ကိုင်နေသော မန်နေဂျာများ လက်ထောက် မန်နေဂျာများ၊လုပ်ငန်းခွင်တွင်လိုအပ်သော ခေါင်းဆောင်မူစွမ်းရည်ရှိလိုသူများ နှင့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 အပိုင်းကို စိတ်ဝင်စားသူများ တက်ရောက်သင့်ပါသည်။

 

📘💻 SFU Professional Diploma in Strategic Management & Leadership တွင်အဓိက ဘယ်လိုModule တွေသင်ကြားရမှာလဲ?

သင်ကြားရမည့် Module များကတော့ -

🔸 Module 1 - Strategic Management

🔸 Module 2 - Managing Change

🔸 Module 3 - Leadership

🔸 Module 4 - Ethics & Contemporary Issues in Strategic Management competitive situation

 

🧑‍💻ဘယ်လိုသင်ကြားပေးသွားမှာလဲ?

“သင်ခန်းစာများကို Online Only ဖြင့် သင်ကြား ပေးသွားမည် ဖြစ်သည်။”

၁။ ဆရာကြီး၊ဆရာမကြီးများမှကြိုတင်ရိုက်ကူးထားသော ဗီဒီယိုသင်ခန်းစာများကို Online တွင် လေ့လာရမည်။

၂။ ကြိုတင်လေ့လာပြီးသော ဗီဒီယိုသင်ခန်းစာများကို လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Face to Face workshop အတန်းချိန်များကိုတော့ သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း Online မှ Zoom ဖြင့်အပတ်စဉ်တစ်ပတ်(၁)ရက်တက်ရောက်ပေးရပါမည်။

 

⏰ ကြာမြင့်ချိန်

SFU Professional Diploma တစ်ခုအတွက် သင်ယူမှုကာလ (၉) လကြာမြင့်ပါမည်။

💯 စာမေးပွဲနှင့် အရည်အသွေးစစ်ဆေးခြင်း

SFU Professional Diploma Assessment Fees - 55000 ကျပ်

စာမေးပွဲအနေဖြင့်ဘာသာရပ်ပေါ်မူတည်ပြီး Online Quiz MCQ + Assessment များဖြင့် ဖြေဆိုရပါမည်။ Assessment ဖြေဆိုရာတွင်ဘာသာရပ် Learning Outcome ပေါ်မူတည်ပြီး Assessment Type ကွာခြားမှုရှိပါမည်။ အတန်းတွင်း Activity များအနေဖြင့် Group အလိုက်၊ တစ်ဦးချင်းစီ (သို့) အဖွဲ့လိုက် Quiz, Assignment, Presentation များလည်းရှိပါမည်။

 

💳 သင်တန်းကြေးပေးသွင်းပုံများ

*သင်တန်းကြေးများကို (၂)ကြိမ် အရစ်ကျခွဲသွင်းနိုင်ပါသည်။

* သင်တန်းကြေးကို တစ်ကြိမ်တည်းအကျေပေးသွင်းပါက ရရှိထားသော Scholarship များ၊ Discount များ ၊ ခံစားခွင့်များနုတ်ပြီးနောက်ဆုံးကျန်ရှိသောပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Discount ရရှိမည်ဖြစ်ပါသည်။

*သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်

• Wave Money

• KBZ Pay

• AYA Pay

• Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။

* ငွေပေးချေပြီးသော Screenshot ကို Strategy First University Facebook Page Messenger သို့ပေးပို့ရပါမည်။

* Payment Screenshot လက်ခံရရှိပြီးပါကသင်တန်းတက်ရောက်ရန်အတွက် လုပ်ဆောင်ချက်များကို အသေးစိတ် ပြန်လည်ပို့ပေးသွားပါမည်။

-----------------------------------------

ဖုန်းနံပါတ် ☎️ 09-250717166, ‎09-250717167, ‎09-250717168, ‎09 76543 4000

သို့ ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။

--------------------------------------------

မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။

* ယခု Online သင်တန်းကြေး - ၅၇၅,၀၀၀ ကျပ် + Textbook Fees (SFU Professional Diploma Assessment Fees - 55000 ကျပ်ပါပြီး)

* Old Student Discount - ၁၀၀၀၀၀ ကျပ် (Save)

* Referral Discount - ၅၀၀၀၀ ကျပ် (Save)