နိုင်ငံတကာ အသိအမှတ်ပြုဖြစ်သော Cambridge Assessment English မှ Business English Certificate သင်တန်းများကို Strategy First တွင် စတင်ဖွင့်လှစ်မည်။

Cambridge English Qualifications သည်Cambridge University အောက် ရှိ Cambridge Assessment English မှ ပေးအပ်နေသည့် English Qualificationများဖြစ်ပါသည်။ Cambridge English Qualifications မှ Business English Certificate သင်ရိုးများဖြစ်သည့်
• B1 Business Preliminary
• B2 Business Vantage
• C1 Business Higher
အတန်းများ ကို Strategy First တွင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Cambridge English Qualifications မှ Business English သင်တန်းများသည် လုပ်ငန်းခွင်အသီးသီးတွင်လုပ်ကိုင်နေသော မိမိတို့ လုပ်ငန်းရဲ့ နေ့စဉ်လုပ်ကိုင်နေသည့် အလုပ်ပတ်ဝန်းကျင်တွင်ပိုမို ယုံကြည်မှုရှိစွာ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံပြီးလုပ်ကိုင်ရသည့် စီးပွားရေး ရပ်ဝန်းမှာ အင်္ဂလိပ်စာကို ကောင်းမွန်စွာပြောဆိုဆက်ဆံအသုံးပြုနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများနဲ့ ဆက်စပ်သည့် အင်္ဂလိပ်စာ အသုံးအနှုန်းများ၊ ကုမ္ပဏီလုပ်ငန်းစဉ်များကို အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုရေးသားတတ်ရန်အတွက် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါသည်။
Cambridge University Press Course Book များကို အခြေခံပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးမည့်အပြင် Creativity Exercises များ၊ Critical Thinking & Design Thinking ၊ Stimulation for Negotiation ၊ Leadership and Debates စသည့် Other activities များကိုုလဲဖြည့်စွက် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
Cambridge English Qualifications များသည် နိုင်ငံတကာအသိအမှတ်ပြု Certificate များဖြစ်ပြီး များစွာသောကုမ္ပဏီကြီးများမှလည်း ယုံကြည်စွာလက်ခံထားကြပါသည်။ Certificate တစ်ခုခြင်းစီကို ထိုက်တန်စွာအောင်မြင်ရရှိစေဖို့အတွက် သက်ဆိုင်ရာစာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပါသည်။
Cambridge English Exams စာပေးပွဲရဲ့ ရလဒ်များကို တက္ကသိုလ် ပေါင်း ၂၀၀၀၀ ကျော်မှ အသိအမှတ်ပြုပြီးနိုင်ငံတကာမှာအလုပ်လုပ်ဖို့ဖြစ်စေ၊ ဆက်လက်ပညာဆည်းပူးဖို့ဖြစ်စေအထောက်အကူလည်းများစွာဖြစ်စေမှာဖြစ်ပါသည်။

Level Test အခမဲ့ ဖြေဆိုရန် စာရင်းပေးသွင်းပါ။🚌 အိမ်ပြန်နောက်ကျသော သင်တန်းသားများအတွက် အိမ်ပြန် Ferry များလည်း စီစဉ်ပေးထားပါသည်။

Strategy First မှကျောင်းသား၊ ကျောင်းသူများအတွက် 10% Discount