လုပ်ငန်းခွင်တွင် ဦးဆောင်လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ၊ ဌာနအလိုက် မန်နေဂျာများ နှင့် ငွေကြေး စီမံ ခန့်ခွဲမှု အပိုင်းမှာ တာဝန်ယူထားရသောသူများ သိသင့်တဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းတွေနဲ့ ကျွမ်းဝင်စေမည့် သင်တန်းဖြစ်ပါသည်။

Financial Management ဆိုတာဘာလဲ?
Financial Management ဆိုတာ အဖွဲ့အစည်းတစ်ခု လုပ်ငန်းတစ်ခုရဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့ ငွေကို ထိရောက်စွာ၊ အလေအလွင့် စရိတ်စက နည်းစွာနဲ့ ရလဒ်ကောင်းအောင် စနစ်တကျ ရယူနိုင်၊သုံးစွဲနိုင်အောင် စီမံခန့်ခွဲတဲ့ပညာရပ်ဖြစ်ပါသည်။

Financial Management က ဘာလို့အရေးကြီးတာလဲ?
Financial management ဘာသာရပ်ဟာ သမာရိုးကျ accounting
တွေလို တွက်ချက်တာတွေတင်မဟုတ်ဘဲ decision making ပိုင်းကိုပါ အသေးစိတ်သင်ကြားပေးပါတယ်။

စီးပွားရေးလောကမှာရေရှည်အောင်မြင်နိုင်ဖို့ဆိုရင် လုပ်ငန်းအတွင်းမှာ ဘယ်လောက်ထိ ရင်းနှီးထားလဲ? ဒီရင်းထားတာတွေဟာ အချိန်ကာလ အတိုင်းအတာ ဘယ်လောက် အကြာမှာ အရင်းကျေမလဲ၊ အမြတ်ထွက်မလဲ ဆိုတာကိုတိတိကျကျ သိနေရမယ်။ ငွေကြေးလည်ပတ်မှု ရလဒ်အခြေအနေအပေါ် အခြေခံပြီးတော့ decision ချရတဲ့အတွက်ကြောင့် Financial Management ဟာ အရေးပါတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

Financial Management မှာဘာတွေသင်ရမလဲ?
Department တွေကတင်လာတဲ့ report တွေဖြစ်တဲ့ အသုံးစရိတ်၊ ငွေအဝင်အထွက် တွေကိုကြည့်ပြီး Management Decision တွေ ပြုလုပ်ရပါတယ်။၊ ရင်းနှီးမြုပ်နှံမှုတွေကို ဆုံးဖြတ်တဲ့နေရာမှာလည်း စဉ်းစားတတ်ဖို့၊ company ရဲ့ ငွေလည်ပတ်မှုအခြေအနေ၊ ငွေပြန် ရလွယ်မှု၊ company ရဲ့ final Accounts တွေဖြစ်တဲ့ အရှုံးအမြတ် စာရင်းတွေ၊ Balance sheet တွေ၊ cash flow statement တွေကိုနားလည်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။

Program Contents

• Company Accounts
• Cash-Flow Statements
• Accounting Ratios
• Accounting Standards
• Marginal Costing
• Budgeting
• Capital Investment Appraisal
• Long-term Sources of Finance
• Short-term Sources of Finance
• Reasons for Growth via Horizontal
• Vertical or Conglomerate Integration
• Financing of Growth
• The Construction of Basic Group Accounts
• The Functions of Stock Exchanges
• Share & Bond Issues
• Rights & Bonus Issues

Institute of Commercial Management (UK) မှ စစ်ဆေးသော စာမေးပွဲကို အောင်မြင်ပါက ICM Single Subject Diploma in Financial Management  ရရှိမှာဖြစ်ပါသည်။

Exam & registration fees (110 USD နှင့် ညီမျှသော မြန်မာငွေကျပ်) ပေးသွင်းရမည်။

*  Online Registration Discount – 100,000ks
*  Old Student Discount - 400,00ks
* Refer Discount - 200,00ks
* သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်သည်။
* အထူးအဆင်ပြေသော AEON နဲ့လည်းသွင်းနိုင်သည်။
* Cash Down ပေးချေပါက ၅% ခံစားခွင့်ရှိသည်။
* Onepay ဖြင့် သင်တန်းကြေးပေးသွင်းနိုင်သည်။