HR ရဲ့ function တွေဟာ ကုမ္ပဏီတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ HR Professional တွေဟာ ဝန်ထမ်းတွေရဲ့ ပြုမှုပုံတွေကို လေ့လာပြီး ဝန်ထမ်းတွေကို ဘယ်လို ဆွဲဆောင်မလဲ၊ ခန့်ထားမလဲ၊ ဘယ်လို ထိန်းထားမလဲ ဆိုတာတွေ အပြင် အဖွဲ့အစည်းရဲ့ မူဝါဒတွေ စည်းကမ်း တွေကို ဝန်ထမ်းတွေ လိုက်နာအောင်၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရည် ကိုယ်သွေး တိုးတက်မှု ရှိအောင် သင်တန်းပေးခြင်း၊ အကဲဖြတ်ခြင်း၊ လစာနှင့် ဆုလာဒ်များ ချီးမြှင့်ခြင်း၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် အလုပ်သမား သမဂ္ဂဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမား ဥပဒေဆိုင်ရာ သတ်မှတ်ချက် တွေကို သိရှိရမှာဖြစ်ပါသည်။

ကောင်းမွန်တဲ့ Human Resource Management နည်းလမ်းတွေ ကိုကျင့်သုံးတဲ့ ကုမ္ပဏီကတော့Google ပဲဖြစ်ပါတယ်။
HR လုပ်ငန်းတာဝန်ဟာ Google မှာ မဟာဗျူကျပြီးအရေးပါတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အတော်ဆုံးဆိုတဲ့ လူမျိုးတွေကိုပဲ ရှာဖွေခေါ်ယူ၊ ဆက်ထိန်းထားခြင်းမျိုးတွေကို လုပ်ရင်းနဲ့ ကုမ္ပဏီရဲ့ အကျိုးဖြစ်ထွန်းစေဖို့ အလေးထားလုပ်ဆောင်ပါတယ်။ Google ဟာ ဝန်ထမ်းတွေအပေါ် အလေးထားတဲ့အပိုင်းမှာဆိုရင် တစ်ခြားကုမ္ပဏီ လုပ်ငန်းအများစုနဲ့ မတူကွဲပြားလှပါတယ်။ ဝန်ထမ်းတွေကို ပျော်ရွှင် အောင် လုပ်ပေးခြင်း ဆိုတဲ့ အပိုင်းမှာ Google ဟာ အကောင်းဆုံး ဆိုတာထက် ကျော်လွန်လုပ်ဆောင်ရမယ်ဆိုတာကိုပဲ ယုံကြည် ထားပါတယ်။ အတွေ့အကြုံထက် လုပ်ရည်ကိုင်ရည် အရည်အချင်း ကိုပဲ ပိုအလေးထားပါတယ်။ ဝန်ထမ်းတွေကို စိတ်ဓာတ်ခွန်အား တက်ကြွစေအောင် နှိုးဆော်ပေးနေတဲ့ အချက်ဖြစ်ပါတယ်။

Google ဆီမှာ အလုပ်တစ်ခု ရဖို့အတွက် နှစ်စဉ်နှစ်တိုင်း လူပေါင်း ၂ သန်းကျော်လောက် လျှောက်ထားနေကြပါတယ်။ အလုပ်နေရာ တစ်ခုစီတိုင်းအတွက် လျှောက်ထားသူ ထောင်ပေါင်းများစွာ ရှိပါတယ်။ Google ရဲ့ လူသစ်ခေါ်ယူခြင်း မူဝါဒရဲ့ အဓိက အလေးထားတဲ့အချက်ကတော့ လူမှန် နေရာမှန် ဖြစ်ဖို့ ဖြစ်ပါတယ်။ လူသစ်ခေါ်ယူတဲ့ အပိုင်းကို တာဝန်ယူထားသူတွေကလည်း အရည်အချင်း အင်မတန်မြင့်မားပြီး ယဉ်ကျေးမှုအရလည်း သဟဇာတ အံဝင်ခွင်ကျရှိသူတွေကိုပဲ ရွေးချယ်ခန့်ထားပါတယ်။ လူသစ် ခေါ်ယူစုဆောင်းတဲ့အပိုင်းမှာ ယဉ်ကျေးမှုကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ယဉ်ကျေးမှုအရ သင် ဘယ်လောက် သဟဇာတဖြစ်သလဲ ဆိုတာအပြင် သင်ဟာ လုပ်ငန်းထဲ ရောက်သွားချိန်မှာ ဘယ်လို အကောင်းဆုံး လုပ်ပြနိုင်သလဲ ဆိုတာတို့ကို Google က ကြည့်ရှုဆုံးဖြတ်ပါတယ်။ Google ခုလောက်ထိ အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေ အကြီးကြီး ရရှိထားရခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ နည်းပညာ ဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေအပြင် တီထွင်ဆန်းသစ်မှု ရှိပြီး ထိရောက်ကောင်းမွန်တဲ့ HR လုပ်ငန်းကလည်း အဓိကအဖြစ် ပါဝင်နေပါတယ်။
----------------------------------------------
သင်တန်းအချိန်ဘယ်လောက်ကြာမှာလဲ?
တစ်ပတ်နှစ်ရက် သင်တန်းမှာ (၃) လ ကြာမြင့်မည် ဖြစ်ပါသည်။
တစ်ပတ်တစ်ရက် သင်တန်းမှာ (၅)လခွဲ ကြာမြင့်မည် ဖြစ်ပါသည်။

ICM စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက Institute of Commercial Management (UK) မှ ပေးအပ်သော Single Subject Diploma ရရှိပါမည်။

အသေးစိတ်သင်ကြားမည့်ခေါင်းစဉ်တွေမှာ -
• Individual Differences
• Perceptions & Motivation
• Behavioral Theories
• Groups and Group Dynamics
• Recruitment & Selection Interviewing
• Selection Testing
• On-Job Vs Off-Job Training
• Induction Programme
• Job Description & Specification
• Person Specification
• Job Rotation, Enlargement, Enrichment and Evaluation
• Role of HR Department
• Career Development
• Welfare
• Participating in Decision-Making
• The Role of the Trade Union
• Strikes, Cause, Effect & Avoidance
စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်သည်။

Institute of Commercial Management (UK) မှ စစ်ဆေးသော စာမေးပွဲကို အောင်မြင်ပါက ICM Single Subject Diploma in Human Resources Management  ရရှိမှာဖြစ်ပါသည်။

Exam & registration fees (110 USD နှင့် ညီမျှသော မြန်မာငွေကျပ်) ပေးသွင်းရမည်။

 

 

ICM Single Subject Diploma သင်တန်းများထဲမှ ကြိုက်နှစ်သက်ရာ အတန်း (၁)တန်းအပ်နှံပါက အောက်ဖော်ပြပါ ဘာသာရပ် (၅) မျိုးထဲမှ နှစ်သက်ရာ (၁)ဘာသာကို Free တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ပါသည်။
1. OBM Social Media Marketing
2. OBM Level 1 Certificate in Entrepreneurship/New Venture Creation
3. Six Sigma
4. 21st Century Leadership Skills
5. E-Commerce

Old Students' Online Registration Discount - 50000

ကျောင်းသားဟောင်းများ ICM/ CIM/ ABE/ PMI/ English အတန်းတွေကို
Online Registration လုပ်ပြီး သင်တန်းအပ်ရင် ၅ သောင်းAကျပ် Discount ရမှာဖြစ်ပါတယ်။
(Online ကနေ ကြိုပြီး register မလုပ်မိရင်လည်း ကျောင်းမှာ ကူလုပ်ခိုင်းလို့ရပါတယ်။
* Telenor Star နဲ့ တွဲသုံးခွင့်မရှိပါ။
 
Refer Discount & Thank You Gift - 30000

 Refer ယူပြီး အပ်တဲ့ကျောင်းသားသစ်များ ICM/ CIM/ ABE/ PMI/ English အတန်းတွေကို  Online ကနေ Register လုပ်ရင် အားလုံးပေါင်း ၃ သောင်း ကျပ် Discount ရရှိမှာဖြစ်ပါတယ်။
ကျောင်းသားဟောင်းအချင်းချင်းဆိုရင် Refer discount/ Thank you giftမရှိပါဘူးခင်ဗျာ။  ကျောင်းသားဟောင်း Discount ပဲ ရှိမှာပါ။

- ညွှန်းပေးတဲ့ ကျောင်းသားဟောင်း Thank you gift  - Leather Bag (သို့) ထီးတစ်ချောင်း ရမှာပါ။