ခရီးသွားလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုတွင် လုပ်ကိုင်နေရသူများ နှင့် Tourism ပိုင်းကို စိတ်ပါဝင်စားသူများအတွက် ICM Single Subject Diploma in Management of Travel & Tourism Operations သင်တန်းနေ့တွင် တန်းခွဲသစ် စတင်ဖွင့်လှစ်မည်။
Strategy First Institute တွင် Institute of Commercial Management (UK) မှပေးအပ်သော ICM Single Subject Diploma in Management of Travel & Tourism Operations ဘာသာရပ်အတွက်စတင် စာရင်းပေးသွင်း အပ်နှံနိုင်ပါပြီ။
ခရီးသွားလုပ်ငန်းဟာ နိုင်ငံရဲ့အရေးပါတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့လည်း ဝင်ရောက်လုပ်ကိုင်ရန်အတွက်ကောင်းမွန်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ဒီသင်တန်းမှာ Tourism အကြောင်းနဲ့ Tourism ကိုစီမံခန့်ခွဲခြင်းဆိုပြီး နှစ်ပိုင်းလေ့လာရမှာပါ။ ပထမတစ်ပိုင်း အနေနဲ့ Tourism နဲ့ပတ်သက်ပြီး သိသင့်တဲ့ အခြေခံ အချက်အလက်များ၊ Tourism နဲ့ပတ်သက်တဲ့ အခြေခံ အယူအဆများ၊ စနစ်တစ်ခုအနေ နဲ့ ဘယ်လိုလည်ပတ်နေလဲဆိုတာများ၊ နိုင်ငံ့စီးပွားရေး ကို Tourism က ဘယ်လိုပြောင်းလဲစေတယ်ဆိုသည်နှင့်၊ Tourism နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ခေါင်းစဉ်အနေနဲ့ လေ့လာသင်ကြားရမှာပါ။
ဒုတိယအပိုင်းဖြစ်တဲ့ Tourism ကိုစီမံခန့်ခွဲခြင်းအပိုင်းမှာတော့ Tourism Industry ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အပိုင်းကို လေ့လာရမှာဖြစ်ပြီး Tourism Industry ကို စီမံခန့်ခွဲရာမှာ အစိုးရရဲ့ အခန်းကဏ္ဍ ဖြစ်တဲ့ Tourism နဲ့ ပတ်သတ်တဲ့ ဥပဒေရေးရာ၊ Tourism လုပ်ငန်းတိုးတက်အောင် လုပ်ဆောင်ရာမှာသိသင့်တဲ့ အချက်များအပြင် Tourism လုပ်ငန်းမှာလုပ်ကိုင်နေသူတွေ မိမိလုပ်ငန်းကို စီမံခန့်ခွဲရာမှာသိထားသင့်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီတွေ ကိုလည်း လေ့လာရမှာဖြစ်ပါသည်။

ဘယ်သူတွေတက်သင့်သလဲ?
Travel and Tourism Management အပိုင်းကိုလေ့လာလိုသူများ၊ Travel Agency များတွင် လုပ်ကိုင်နေသူများနှင့် လုပ်ကိုင်လိုသူများ၊ Travel and Tour လုပ်ငန်းများ စတင်လုပ်ကိုင်လို သူများ တက်ရောက်သင့်တဲ့ အတန်းဖြစ်ပါသည်။
သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ?
သင်တန်းကာလမှာ (၅) လခွဲကြာမြင့်မည်ဖြစ်ပါသည်။
ICM စာမေးပွဲ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက Institute of Commercial Management (UK) မှ ပေးအပ်သော Single Subject Diploma ရရှိပါမည်။
-----------------------------------------------
Management of Travel & Tourism Operations ဘာသာရပ်တွင် သင်ကြားမည့် ခေါင်းစဉ်များမှာ-
• The Place
• Tourist Destinations
• Visitors: Initial Framework
• From Destination to Tourism Product
• Types of Accommodation and the Accommodation Product
• Transport Points
• Visas and Facilitating Entry
• Tourism Life Cycles
• Market Research
• The Image of a Destination
• Prices and Tourism Receipts
• Positioning
• Different Promotion Approaches
• Managing the Tourism Sector
• Management Tools
• Regeneration & Re-engineering
• Expansion, Quality & Standards
• Tourism Legislation and Regulation
• Physical Planning
• Classification & Grading in Tourism
• Human Resources for Tourism
• Managing the Sector
• The Checklist Approach
• Description of the Destination
• The Tourism Development Strategy
• Organization & Management

Institute of Commercial Management (UK) မှ စစ်ဆေးသော စာမေးပွဲကို အောင်မြင်ပါက ICM Single Subject Diploma in Management of ravel & Tourism Operations  ရရှိမှာဖြစ်ပါသည်။

Exam & registration fees (110 USD နှင့် ညီမျှသော မြန်မာငွေကျပ်) ပေးသွင်းရမည်။

Management of Travel & Tourism Operation အတန်းကို တက်ထားပြီးသော အစ်ကို အစ်မများ အနေနဲ့ အခြားဘာသာရပ်များကို ထပ်မံတက်ရောက်ဖို့ ရှိတယ်ဆိုရင် ဘာသာရပ်အလိုက် အောက်ပါ အတိုင်း discount များကို ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။


MTTO ↔️ BMA (Save 45,000 Ks)

MTTO ↔️ Hospital Management (Save 100,000 Ks)

MTTO ↔️ Operation Management (Save 55,000 Ks)

နှစ်ဘာသာတက်ရောက်ပြီးသူများ တစ်ဘာသာ Free တက်ရောက်နိုင်သော အခွင့်အရေးလည်းရှိပါတယ်ခင်ဗျာ။ Batch 12 Plus နောက်ပိုင်း တက်ရောက်သည့် ဘာသာများ သာအကျုံးဝင်ပါတယ်။ Free တက်ရောက်နိုင်မယ့် ဘာသာရပ်တွေကတော့ 1. International Business Communications, 2. Advertising, 3. Customer Service, 4. Marketing Research and Quantitative Methods, 5. Consumer Behaviour, 6. Business Law, 7. Operations Management, 8. Leadership Studies, 9. Risk Management, 10. Banking Management စတဲ့ဘာသာရပ်တွေဖြစ်ပါတယ်။

ယခု ကျောင်းသား၊ ကျောင်းသူ အစ်ကို အစ်မများ ရဲ့ တောင်းဆိုချက်အရ Online Registration မှာ သင်တန်းအပ်လို့ ရအောင်လုပ်ထားပါတယ်။ Online Registration မှာ သင်တန်းအပ်ရင် ကျောင်းသားဟောင်းတွေအတွက် ၂၀၀၀၀ ကျပ်ထပ်မံပြီး လျှော့ပေးပါတယ်ခင်ဗာျ။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သူငယ်ချင်းတွေဆိုရင် ၁ဝဝဝဝ ထပ်မံ လျှော့ပေးပါတယ်ခင်ဗျာ။

သင်တန်းကြေးကို တစ်ခါတည်းပေးသွင်းပါက (သို့) AYA Bank ၏ Education Loan (သို့) Credit Card ဖြင့် ပေးသွင်းပါ 5% သက်သာပါသည်။

(၂) ဘာသာအထက် တက်ရောက်သူများ အတိုးနှုန်းသက်သာသော တစ်နှစ် အရစ်ကျ AYA Education Loan ဖြင့် ပေးသွင်းနိုင်ပါသည်။

သင်တန်းကြေးများကို AEON ငွေပေးချေမှုစနစ်ဖြင့် လစဉ်အရစ်ကျပေးသွင်းနိုင်ပါသည်။