Project Management ဘာသာရပ်မှာ ဘာတွေသင်မှာလဲ?
Project တစ်ခုကို လုပ်ကိုင်တဲ့အခါ သိသင့်သိထိုက်ပြီး လိုအပ်နေတဲ့ အခြေခံသဘောတရားများအပြင် အဖွဲ့အစည်းများအတွက် စီမံကိန်းရေးဆွဲနည်းများ၊ မဟာဗျူဟာကျ စီမံခန့်ခွဲမှုနှင့် Project များ ရွေးချြယ်ခင်း၊ Project Manager တယောက်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ပြသနာများကို ဖြေရှင်းခြင်း၊ Project တစ်ခုအတွက် ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ စီမံကိန်းများကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ စီမံကိန်းများကို လုပ်ဆောင်စစ်ဆေးခြင်းနှင့် အဆုံးသတ်ခြင်း စသည်တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။
ဒီသင်တန်းကိုဘယ်သူတွေတက်သင့်သလဲ?
ဆောက်လုပ်ရေးလုပ်ငန်းများ၊ NGO များမှ Project Manager များ၊ Project တာဝန်ထမ်းဆောင်နေသူများနှင့် Project Management ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် အထူးသင့်တော်သော သင်တန်းတစ်ခုဖြစ် ပါသည်။
ဒီသင်တန်းကိုအချိန်ဘယ်လောက်ပေးရမလဲ?
သင်တန်းကာလ - တစ်ပတ် နှစ်ရက် သင်တန်းများမှာ (၃) လခွဲ ကြာမြင့်မည်ဖြစ်ပါသည်။
ICM စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက Institute of Commercial Management (UK) မှ ပေးအပ်သော Single Subject Diploma များရရှိပါမည်။
Project Management တွင် သင်ကြားမည့်ခေါင်းစဉ်များမှာ
- Projects in Contemporary Organizations
- Strategic Management & Project Selection
- The Project Manager
- Project Organization
- Project Planning
- Conflict & Negotiation
- Budgeting & Cost Estimation
- Scheduling & Resource Allocation
- Monitoring & Information Systems
- Project Control
- Project Auditing
- Project Termination

Institute of Commercial Management (UK) မှ စစ်ဆေးသော စာမေးပွဲကို အောင်မြင်ပါက ICM Single Subject Diploma in Project Management  ရရှိမှာဖြစ်ပါသည်။

Exam & registration fees (110 USD နှင့် ညီမျှသော မြန်မာငွေကျပ်) ပေးသွင်းရမည်။

 

Project Management အတန်းကို တက်ထားပြီးသော အစ်ကို အစ်မများ အနေနဲ့ အခြားဘာသာရပ်များကို ထပ်မံတက်ရောက်ဖို့ ရှိတယ်ဆိုရင် ဘာသာရပ်အလိုက် အောက်ပါ အတိုင်း discount များကို ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။

Project Mgt ↔️ BMA (Save 45,000 Ks)
Project Mgt ↔️ Operation Management (Save 55,000 Ks)

နှစ်ဘာသာတက်ရောက်ပြီးသူများ တစ်ဘာသာ Free တက်ရောက်နိုင်သော အခွင့်အရေးလည်းရှိပါတယ်ခင်ဗျာ။ Batch 12 Plus နောက်ပိုင်း တက်ရောက်သည့် ဘာသာများ သာအကျုံးဝင်ပါတယ်။ Free တက်ရောက်နိုင်မယ့် ဘာသာရပ်တွေကတော့ 1. International Business Communications, 2. Advertising, 3. Customer Service, 4. Marketing Research and Quantitative Methods, 5. Consumer Behaviour, 6. Business Law, 7. Operations Management, 8. Leadership Studies, 9. Risk Management, 10. Banking Management စတဲ့ဘာသာရပ်တွေဖြစ်ပါတယ်။

ယခု ကျောင်းသား၊ ကျောင်းသူ အစ်ကို အစ်မများ ရဲ့ တောင်းဆိုချက်အရ Online Registration မှာ သင်တန်းအပ်လို့ ရအောင်လုပ်ထားပါတယ်။ Online Registration မှာ သင်တန်းအပ်ရင် ကျောင်းသားဟောင်းတွေအတွက် ၂၀၀၀၀ ကျပ်ထပ်မံပြီး လျှော့ပေးပါတယ်ခင်ဗာျ။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သူငယ်ချင်းတွေဆိုရင် ၁ဝဝဝဝ ထပ်မံ လျှော့ပေးပါတယ်ခင်ဗျာ။

သင်တန်းကြေးကို တစ်ခါတည်းပေးသွင်းပါက (သို့) AYA Bank ၏ Education Loan (သို့) Credit Card ဖြင့် ပေးသွင်းပါ 5% သက်သာပါသည်။

(၂) ဘာသာအထက် တက်ရောက်သူများ အတိုးနှုန်းသက်သာသော တစ်နှစ် အရစ်ကျ AYA Education Loan ဖြင့် ပေးသွင်းနိုင်ပါသည်။

သင်တန်းကြေးများကို AEON ငွေပေးချေမှုစနစ်ဖြင့် လစဉ်အရစ်ကျပေးသွင်းနိုင်ပါသည်။