လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူများ၊ Company တစ်ခုရဲ့ Business Development ပိုင်း၊ Management ပိုင်းနှင့် Customer Service ပိုင်းများတွင် တာဝန်ယူထားသူများအတွက် Certificate in Designing and Executing Customer Experience သင်တန်းသစ် စမည်။

ဒီသင်တန်းမှာ Customer များရဲ့ယုံကြည်မှုတည်ဆောက်ပုံ၊ လုပ်ငန်းတွင်းအပြောင်းအလဲပြုလုပ်ရာမှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို ဦးစားပေးသင်ကြားပေးမှာဖြစ်တဲ့အတွက် အဖွဲ့အစည်းများအား ဦးဆောင်နေတဲ့ လုပ်ငန်းရှင်များ၊ Manager များနဲ့ Business Development အပိုင်းကို တာဝန်ယူထားရသူများအတွက် လက်မလွှတ်သင့်တဲ့ သင်တန်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Customer များအားကောင်းမွန်တဲ့ အတွေ့အကြုံကောင်းများရရှိစေရန် ဖန်တီးပေးပြီး လုပ်ငန်းတိုးတက်ရေးနှင့် ပုံရိပ်ကောင်းများထွက်ပေါ်လာစေရန် လုပ်ဆောင်ရမဲ့လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ Business Snapshot သဘောတရားတွေကို ကျွမ်းကျင် ပိုင်နိုင်အောင်သင်ကြားပေးမည့်အပြင် လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ရေရှည်ရပ်တည်ရေးမှာ အခြေခံကျတဲ့ Value Equation အပိုင်းကိုပါ ပေါင်းစပ်သင်ယူနိုင်မှာဖြစ်ပါတယ်။

ဒီသင်တန်းမှာဘာတွေသင်မှာလဲ?
1. The Business Snapshot
Customer ကိုလုပ်ငန်းရဲ့ အရေးပါတဲ့ Building Block အဖြစ်ထားရှိလိုက်ခြင်းဖြင့် အဖွဲ့အစည်းရဲ့ အခြားသော အရေးကြီး အစိတ်အပိုင်းတွေမှာ ပြောင်းလဲမှုတွေရိုက်ခတ်လာစေပြီး စွမ်းဆောင်မှုတွေတိုးအောင် လှုံ့ဆော်တဲ့ သဘောပဲဖြစ်ပါတယ်။ မူလပစ်မှတ်ထားတဲ့ Customer တွေအပြင် အခြားသောနယ်ပယ်အသစ်တွေက အလား အလာရှိတဲ့ Customer အသစ်တွေကို ဦးတည်လိုက်ခြင်းဖြင့် မိတ်ဖက်အသစ်တွေချဲ့ထွင်ရတာ လုပ်ငန်းတွင်း အပြောင်းအလဲတွေဖြစ်ပေါ်စေကာ ဝင်ငွေရလမ်းအသစ်တွေ၊ ဖွဲ့စည်းပုံအပြောင်းအလဲတွေပေါ်ပေါက်စေတဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။ Business Snapshot ကို အကျွမ်းတဝင်ဖြစ်လာတာနဲ့အမျှ လက်ရှိကိုယ့်လုပ်ငန်းက ဘာတွေဖြစ်နေလဲ၊ လုပ်ငန်းရဲ့ ပြင်ပအခြေအနေက ဘယ်လိုအပြောင်းအလဲတွေရှိသလဲဆိုတာကို ကောင်းကောင်း ချိန်ဆပြီး အဖွဲ့အစည်းရဲ့အောင်မြင်မှုကို တွန်းတင်သွားနိုင်စေမှာပါ။ အောင်မြင်တဲ့ Business Model ဆိုတာ လေဟာနယ်ထဲ တည်ရှိနေတာမဟုတ်ပဲ Influencers, Trends, Competitors တွေနဲ့ဝန်းရံထားတဲ့သမုဒ္ဒရာ ထဲတည်ရှိနေတာမျိုးပါ။

2. The Value Equation
တကယ်တော့ Value Equation ဆိုတာဟာ လုပ်ငန်းရဲ့ငွေကြေးရလဒ်တွေနဲ့ Customer လိုအပ်ချက်တွေကြား မှာ အချိုးအစားညီတဲ့ အခြေအနေလေးဖြစ်အောင် ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေမျိုးပါ။ အခုလိုအစွန်းနှစ် ဖက်သော အခြေအနေမျိုးမှာရှိနေတဲ့ ကွဲလွဲချက်တွေကို ထိရောက်စွာ Inalysis လုပ်ခြင်းဖြင့် လက်ရှိလုပ်ငန်းရဲ့ Financial Results ကို အကောင်းဆုံးအခြေအနေဖြစ်အောင် တည်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။ ကိုယ်လုပ်ငန်း ရဲ့ Value Equation ကိုကောင်းကောင်းလုပ်ယူပြီး Customer Experience ကို Positive အခြေအနေရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် လုပ်ငန်းလည်းပိုမိုအောင်မြင်ပြီး Customer ရဲ့စိတ်ကျေနပ်မှုကို မြင့်တက်စေပါမယ်။

3. Customer Lifecycle, Journeys, and Needs
Customer တွေရဲ့ လိုအင်ဆန္ဒတွေကို လိုက်ပါဖြည့်ဆည်းပေးနေတဲ့ ခရီးစဉ်တစ်ခုမှာ ယှဉ်တွဲလိုက်ပါနေကြတဲ့ ကျွန်တော်တို့ရဲ့စီးပွားရေးအဖွဲ့အစည်းတွေဟာ ကိုယ့် Customer တွေရဲ့ အမှန်တကယ် လိုလားချက်တွေ၊ လိုအပ်ချက်တွေကို မှန်ကန်စွာသိရှိနားလည်ပြီး ကူညီဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်တွေ ငွေကြေးဆိုင်ရာ အကျိုးရလဒ်တွေကလည်း ကျွဲကူးရေပါယှဉ်တွဲလာနိုင်ပါတယ်။

ဒီသင်တန်းကို ဘယ်သူတွေ တက်သင့်လဲ?
ကိုယ်ပိုင် လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူတွေ၊ Business Manager တွေ၊ Marketing, Sale, Operation, Customer Service ပိုင်းမှာ လုပ်ကိုင်နေတဲ့သူတွေ အတွက်သင့်လျော်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

*ICM အတန်းသစ်အပ်ပြီး ရရှိသော 50,000 Coupon နှင့် အပ်နှံပြီး Discount ရယူနိုင်ပါသည်။*
Old Student - 30000 Dis (*Coupon နှင့်တွဲသုံးခွင့်မရှိပါ)