Event Organizer များ၊ Event Organizer အဖြစ်ရည်မှန်းထားသူများ နဲ့ Event Management Plan များကို အကောင်းဆုံးရေးဆွဲလိုသူများအတွက် Event Management သင်တန်း စမည်။

Event Management ဟာ ယနေ့ကာလမှာ Event Organizer များအတွက်သာမက Integrated Marketing Communications ကိုတာဝန်ယူထားရတဲ့ Marketer များအတွက်ပါ အရေးပါလာတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ Marketer တွေအနေနဲ့ ပုံမှန်သမားရိုးကျကြော်ငြာနည်းစနစ်တွေတင်မကဘဲ ကိုယ့်စားသုံးသူတွေနဲ့အမှန်တကယ် ထိတွေ့ခွင့်ရနိုင်တဲ့ Event တွေကို အသုံးချပြီး ကိုယ့်အမှတ်တံဆိပ်ကနေပေးချင်တဲ့ သတင်းစကားတွေ၊ တည်ဆောက်ချင်တဲ့ပုံရိပ်တွေကို ဘယ်လိုအထိရောက်ဆုံးဆောင်ရွက်နိုင်မလဲဆိုတာ သင်ကြားရမှာပဲဖြစ်ပါတယ်။ Event Organizer အဖြစ်ရည်မှန်းထားတဲ့လူတွေအနေနဲ့လည်း အောင်မြင်ထိရောက်တဲ့ Event Model တွေ ဘယ်လိုဖန်တီးမလဲ၊ မတူညီတဲ့ Event Design နည်းစနစ်တွေအကြောင်း၊ Event Project တစ်ခုကို အစမှအဆုံးဘယ်လိုစနစ်ကျကျစီမံခန့်ခွဲနိုင်မလဲ၊ Event Management Plan တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ၊ လုပ်ဆောင်ရည်အပြည့်ရှိတဲ့ Event Team တစ်ခုကို ဘယ်လိုဖွဲ့စည်းနေရာချမလဲ၊ Event တစ်ခုအတွက် Event Marketing ကိုဘယ်လိုဆောင်ရွက်မလဲ အစရှိတဲ့ အကြောင်းအရာများကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဘယ်သူတွေတက်သင့်လဲ?

Event Organizer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများသာမက၊ Integrated Marketing Communication ကို တာဝန်ယူရတဲ့ Marketing Manager/ Brand Manager များ၊ Experiential Marketing Concept တွေဖန်တီးထိတွေ့နေရတဲ့ Agency Account Manager/ Art Director များ တက်ရောက်သင့်တဲ့ ဘာသာရပ်ပဲဖြစ်ပါတယ်။

ဒီသင်တန်းမှာဘာတွေသင်မှာလဲ?
Event Management ဘာသာရပ်မှာ အသေးစိတ်သင်ကြားသွားမယ့် ခေါင်းစဉ်တွေကတော့
- Introduction to Experiential Marketing
- Introduction to Event Management
- The Event Management Process
- The Conceptual Development of Events
- Consumer Empathy Mapping & Consumer Experience Journey
- Event Design and Production Planning
- Event Management Planning
- Event Marketing & Amplification
- Risk Assessment & Crisis Management
- Working with Agencies & Suppliers
- Event Sponsorship

*ICM အတန်းသစ်အပ်ပြီး ရရှိသော 50,000 Coupon နှင့် အပ်နှံပြီး Discount ရယူနိုင်ပါသည်။*