ICM Professional Diploma in Purchasing with Logistics & Supply Chain Management 

 

ICM Professional Diploma in Purchasing with Logistics & Supply Chain Management သည် Purchasing Management နှင့် Logistics & Supply Chain Management ဘာသာရပ်နှစ်ခုကို ပေါင်းစပ်လေ့လာနိုင်မည့် ဒီပလိုမာ ဖြစ်ပါသည်။  

 

ICM Professional Diploma in Purchasing with Logistics & Supply Chain Management မှာဘာတွေလေ့လာသင်ကြားရမှာလဲ?

ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ စီးပွါးရေး လုပ်ငန်းလည်ပတ်မှုတွေဟာ Logistics and Supply Chain Process တွေကို သေချာစွာ သိရှိနားလည်ထားမှသာ ဆုံးရှုံးမှုအနည်းဆုံးနှင့် အကောင်းမွန်ဆုံး ထိန်းချုပ်နိုင်ပြီး လည်ပတ်နိုင် မှာဖြစ်ပါသည်။ ထို့အပြင် Supply Chain အတွက် အရေးပါတဲ့ Purchasing Process ဟာဆိုရင်လည်း ကုမ္ပဏီ အတွက်လိုအပ်တဲ့ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများဝယ်ယူခြင်း၊ စရိတ် သက်သာပြီး အရည်အသွေး အကောင်းဆုံးနှင့် အကိုက်ညီဆုံးဖြစ်အောင် Supplier များနှင့် ချိတ်ဆက် ဆောင်ရွက်ရသည့် အပိုင်းများပဲ ဖြစ်ပါသည်။  

ယခု အတန်းတွင် Purchasing /Procurement ဌာနဖွဲ့စည်းပုံနှင့် Procedures အဆင့်ဆင့် ဆောင်ရွက်ရခြင်းများ၊ Supplierများထံမှ ကုန်ပစ္စည်းများအား မည်ကဲ့သို့စစ်ဆေးမလဲ? ဘယ်လိုထိန်းသိမ်းမလဲ? စသည်ဖြင့် Logistics and Supply Chain နှင့်ပတ်သက်သော အခြေခံ  သီအိုရီများအပြင် Purchasing နှင့် ပတ်သက် သော အခြေခံ သီအိုရီများပါ ပေါင်းစပ်ပြီး Professional တစ်ဦး၏  လေ့လာသင့်သည် များကို သင်ကြား ပေးသွားမှာ ပဲဖြစ်ပါတယ်။ 


🧑‍💻ဘယ်သူတွေတက်ရောက်သင့်လဲ?

- NGO များတွင် Logistics & Supply Chain ဆိုင်ရာစီမံခန့်ခွဲမှုပိုင်းတွင် လုပ်ကိုင်နေသူများ၊ 

- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ 

- Purchasing နယ်ပယ်တွင်လုပ်ကိုင်နေသောသူများ၊ 

- Procurement Managerများ၊ 

- NGO များတွင် Logistics & Supply Chain ဆိုင်ရာစီမံခန့်ခွဲမှုပိုင်းတွင် လုပ်ကိုင်နေသူများ အနေဖြင့် တက်ရောက်နိုင်ပါသည်။ 


📘💻 ICM Professional Diploma in Purchasing with Logistics & Supply Chain Management အဓိက ဘယ်လို Module တွေသင်ကြားရမှာလဲ?

သင်ကြားရမည့် Module များကတော့ -

Purchasing Strategies and Structure  

- Purchasing and Purchasing Strategy  

- Purchasing Organizations and Procedures  

- Information Technology in Purchasing 

- Contrasting Approaches to to Supply  

Purchasing and Supply Chain  

- Human Resources in the Supply Chain  

- Specifying and Assuring the Quality of Suppliers  

- Matching Supply with Demand  

- Resource Management and Purchasing 

Supply Chain Management  

- Logistics and the Supply Chain  

- Value and Logistics Costs  

- Lead Time Frontier  

- Supply Chain Control and Agility 

Robust Supply Chains  

- Supply Chain Management  

- Partnerships in the Supply Chain  

- Managing Logistics Internationally  

- Logistics Future Challenge  


🧑‍💻ဘယ်လိုသင်ကြားပေးသွားမှာလဲ?

Purchasing Management (Purchasing Strategies and Structure / Purchasing and Supply Chain) 

* Zoom Session စမည့်ရက် - TBC

* သင်တန်းချိန် - TBC

Logistics and Supply Chain Management (Supply Chain Management / Robust Supply Chains) 

* Zoom Session စမည့်ရက် - TBC

* သင်တန်းချိန် - TBC

 

၁။ ဆရာကြီး၊ဆရာမကြီးများမှကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗီဒီယိုများကို Website/ Moodle application တွင် လေ့လာရမည်။

၂။ ကြိုတင်လေ့လာပြီးသော ဗီဒီယိုသင်ခန်းစာများကို လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Face to Face workshop အတန်းချိန်များကိုတော့ သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း ဘာသာရပ်အလိုက် Online မှ Zoom Session ဖြင့် အပတ်စဥ် တစ်ပါတ် (၂) ရက် တက်ရောက်ရမည် ဖြစ်သည်။ 

 

ICM စာမေးပွဲဝင်ရောက်ဖြေဆိုအောင်မြင်ပါက Institute of Commercial Management (ICM, UK) မှ ပေးအပ်သော ICM Professional Diploma ရရှိပါမည်။


ICM UK Exam ဖြေဆိုရမည့် ပုံစံ 

ICM Professional Diploma ရရှိရန် အတွက် ICM Remote Assessment / (Open Book Exam Type) ပုံစံဖြင့် ဖြေဆိုရမည် ဖြစ်သည်။    

Remote Assessment ဆိုသည်မှာ စာမေးပွဲမေးခွန်းများရရှိပါက မိမိတို့နေအိမ်မှ Online ဖြင့် Assignment ပုံစံ ဖြေဆိုရပါမည်။ 

Exam Fees – ၅ သိန်း နှင့် ၅ သိန်း ခွဲ ပတ်ဝန်းကျင်  

(ICM ဘက်မှ စာမေးပွဲကြေး အပြောင်းလဲရှိပါက ပြောင်းလဲကောက်ခံပါမည်။) 


⏰ ကြာမြင့်ချိန်

ICM Professional Diploma တစ်ခုအတွက် သင်ယူမှုကာလ (၃) လ ခွဲ ကြာမြင့်ပါမည်။


💳 သင်တန်းကြေးပေးသွင်းပုံများ

*သင်တန်းကြေးများကို အရစ်ကျ (၂)ကြိမ် ခွဲသွင်းနိုင်ပါသည်။

* သင်တန်းကြေးကို တစ်ကြိမ်တည်းအကျေပေးသွင်းပါက ရရှိထားသော Scholarship များ၊ Discount များ ၊ ခံစားခွင့်များနုတ်ပြီးနောက်ဆုံးကျန်ရှိသောပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Discount ရရှိမည်ဖြစ်ပါသည်။

*သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်

• Wave Money

• KBZ Pay

• AYA Pay

• Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။

* ငွေပေးချေပြီးသော Screenshot ကို Strategy First University Facebook Page Messenger သို့ပေးပို့ရပါမည်။

* Payment Screenshot လက်ခံရရှိပြီးပါကသင်တန်းတက်ရောက်ရန်အတွက် လုပ်ဆောင်ချက်များကို အသေးစိတ် ပြန်လည်ပို့ပေးသွားပါမည်။


ဖုန်းနံပါတ် ☎️ 09-250717166, ‎09-250717167, ‎09-250717168 သို့ ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။


မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။

• သင်တန်းကြေး - ၆၇၅,၀၀၀ ကျပ် + Textbook Fees (Textbook များကိုတော့ သင်ခန်းစာလေ့လာရမည့် Moodle Application/Website များမှ တစ်ဆင့် Soft Copy များကို အခမဲ့ Download ရယူနိုင်မည်ဖြစ်သည်။ Hard Copy များဝယ်ယူလိုပါက စာအုပ်ဖိုး ထပ်မံ ပေးသွင်းရပါမည်။) 


• Refer Discount - ၅၀,၀၀၀ ကျပ် (Save)


• ကျောင်းသားဟောင်း discount - ၁၀၀,၀၀၀ ကျပ် (Save)