👷‍♂️"Civil Engineering Specialization များထဲမှ "Structural Design" ပိုင်းကို စိတ်ဝင်စားပြီးလေ့လာချင်သူများအတွက်" - Strategy First Professional Diploma in Design of Building Structures (New Programme)


မြန်မာနိုင်ငံရှိ Strategy First University ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် Design ပိုင်းအတွေ့အကြုံရှိသော အင်ဂျင်နီယာများ၊ Registered Senior Engineer (RSE) နှင့် Professional Engineer (PE) များက In-person + Online ပုံစံဖြင့် သင်ကြားပို့ချမည့် Diploma သင်တန်းတစ်ခုဖြစ်ပါသည်။

သင်တန်းမှာ Design ပိုင်းရဲ့ အခြေခံဖြစ်တဲ့ "Structural Analysis" ကို စတင်သင်ကြားရမှာဖြစ်ပြီး အဓိကအစိတ်အပိုင်းဖြစ်တဲ့ "Design of Reinforced Concrete Structures" "Design of Steel Structures" "Design of Substructures" ဘာသာရပ်တွေပါဝင်မှာဖြစ်ပါတယ်။ Design ကို Manual တွက်ချက်နည်းများအပြင် ETABS Software ကို အသုံးပြုပြီး RC & Steel Structure Building Design တွက်ချက်ခြင်း သင်ခန်းစာများလည်းပါ၀င်မှာ ဖြစ်ပါတယ်။


သင်တန်းတက်ရောက်ပြီး ရရှိသွားမည့် အကျိုုးကျေးဇူးများ

📖 ပိုမိုမြင့်မားတဲ့ ပညာရေးကို ဆက်လက်ဆည်းပူးလိုသူများအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်စေခြင်း၊

📖 Professional Certification များအတွက်အထောက်အပံ့ဖြစ်စေခြင်း၊

📖 အဆောက်အဦးများရဲ့ Structure ပိုင်းဖွဲ့စည်းလုပ်ဆောင်ချက်အသီးသီးကို သေချာနားလည်သဘောပေါက်ပြီး လက်တွေ့ကျသောကျွမ်းကျင်မှုများရရှိစေနိုင်ခြင်း၊

📖 လုံခြုံခိုင်ခံ့၍ ရေရှည်တည်တံ့သော Infrastructure များဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာများဖြည့်ဆည်းပေးခြင်း။


သင်တန်းတက်ရောက်သင့်သူများ

✔️ အင်ဂျင်နီယာနယ်ပယ်တစ်ခုခုတွင် အလုပ်လုပ်ကိုင်နေပြီး Structural Design ပိုင်းတွင် အထူးပြုလုပ်ကိုင်လိုသူများ၊ Structural Design အပိုင်းကိုအထူးပြု၍ အသက်မွေး ဝမ်းကြောင်း ပြုလိုသူများ၊

✔️ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေပြီး အဆောက်အဦးများရဲ့ Structure ပိုင်းတည်ဆောက်ပုံ၊ လုပ်ဆောင်ပုံများကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ချင်သူများ၊

✔️ Reinforced Concrete နှင့် Steel Structures ပိုင်းတွင် အလုပ် လုပ်ကိုင်နေကြသူများ။


ဝင်ခွင့်သတ်မှတ်ချက်

B. Tech, B. E, B. Arch, ဘွဲ့ရ အင်ဂျင်နီယာများ (သို့မဟုတ်) တက္ကသိုလ် ကောလိပ် တစ်ခုခုမှ အလားတူ ဘွဲ့ / ဒီပလိုမာ ရရှိထားသူများ၊

ဝင်ခွင့်သတ်မှတ်ချက်နှင့် နီးစပ်လျှက် Structure ဘာသာရပ်နှင့် ဆက်နွယ်သော လုပ်ငန်းအတွေ့အကြုံ (၂)နှစ်ထက်မနည်းရှိသူများ၊ SFU ကျောင်းတွင် လာရောက်ဆွေးနွေးနိုင်ပါသည်။


Strategy First Professional Diploma in Design of Building Strucutres ဘာသာရပ်တွင် အောက်ပါ အတိုင်း ဘာသာရပ် (၄) ခုဖြင့် သင်ကြား ရမည်ဖြစ်သည်။

Module 1 - Structural Analysis

Module 2 - Design of Reinforced Concrete Structures

Module 3 - Design of Steel Structures

Module 4 - Design of Substructures


ဘယ်လိုသင်ကြားပေးသွားမှာလဲ?

သင်ခန်းစာ များကို Hybrid (In-person) + Online Zoom ဖြင့် သင်ကြားပေးသွားမည် ဖြစ်သည်။

 သင်ခန်းစာများကို သေချာနားလည်စေရန် အပတ်စဉ် Tutorial Session များဖြင့် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ပါသည်။

လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့် ဆွေးနွေးနိုင်မည့် အတန်းချိန်များကိုတော့ သတ်မှတ်ထားသည့် အတန်းချိန် အတိုင်း အပတ်စဥ် တစ်ပါတ် (၂) ရက် တက်ရောက်ရမည် ဖြစ်ပြီး စုစုပေါင်း (၄၀) ပတ် စုစုပေါင်းအတန်းချိန် (၈၀) တက်ရောက်ပေးရပါမည်။


⏰ ကြာမြင့်ချိန်

Strategy First Professional Diploma တစ်ခုအတွက် သင်ယူမှုကာလ (၁၂) လကြာမြင့်ပါမည်။


💯 စာမေးပွဲနှင့် အရည်အသွေးစစ်ဆေးခြင်း

Strategy First Professional Diploma Assessment Fees - 55000 ကျပ်

စာမေးပွဲအနေဖြင့်ဘာသာရပ်ပေါ်မူတည်ပြီး Online Quiz MCQ + Assessment များဖြင့် ဖြေဆိုရပါမည်။ Assessment ဖြေဆိုရာတွင်ဘာသာရပ် Learning Outcome ပေါ်မူတည်ပြီး Assessment Type ကွာခြားမှုရှိပါမည်။ အတန်းတွင်း Activity များအနေဖြင့် Group အလိုက်၊ တစ်ဦးချင်းစီ (သို့) အဖွဲ့လိုက် Quiz, Assignment, Presentation များလည်းရှိပါမည်။


💳 သင်တန်းကြေးပေးသွင်းပုံများ

သင်တန်းကြေးများကို (၂)ကြိမ်၊ (၄) ကြိမ် အရစ်ကျခွဲသွင်းနိုင်ပါသည်။

* သင်တန်းကြေးကို တစ်ကြိမ်တည်းအကျေပေးသွင်းပါက ရရှိထားသော Scholarship များ၊ Discount များ ၊ ခံစားခွင့်များနုတ်ပြီးနောက်ဆုံးကျန်ရှိသောပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Discount ရရှိမည်ဖြစ်ပါသည်။

သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်

Wave Money

KBZ Pay

AYA Pay

Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။

ငွေပေးချေပြီးသော Screenshot ကို Strategy First University Facebook Page Messenger သို့ပေးပို့ရပါမည်။

Payment Screenshot လက်ခံရရှိပြီးပါကသင်တန်းတက်ရောက်ရန်အတွက် လုပ်ဆောင်ချက်များကို အသေးစိတ် ပြန်လည်ပို့ပေးသွားပါမည်။


ဖုန်းနံပါတ်

☎️ 09-250717166, ‎09-250717167, ‎09-250717168 သို့ ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။


မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။


• သင်တန်းကြေး - ၁,၂၀၀,၀၀၀ ကျပ် (Strategy First Professional Diploma Assessment Fees - 55000 ကျပ်ပါပြီး)


• Refer Discount - ၅၀,၀၀၀ ကျပ် (Save)


• ကျောင်းသားဟောင်း discount - ၂၀၀,၀၀၀ ကျပ် (Save)