Start Date : 22-September-2024
End Date : 13-October-2024
Schedule : Every Sunday (1:30 pm to 4:00 pm)
Duration : 4 Days
Class Code : S1st_FMV_OCB_04-24-01
Place : Pan Chan Tower,
Lecturer : U Win Thu Aung,
Strategy First Certificate in Financial Modeling and Valuation with AI
Financial Modeling ဆိုတာ Financial Statement တွေ ဖြစ်တဲ့ Balance sheet, Income Statement နဲ့ Cash Flow Statement တွေရဲ့ trend တွေကို လေ့လာပြီး (၅) နှစ်စာ projection လုပ်ခြင်း ဖြစ်ပါတယ်။ ဒီလို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် Financial Statement တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ဖတ်တတ်ဖို့၊ နားလည်ဖို့ လိုအပ်ပါတယ်။ ဒ့ါအပြင် Financial Ratio Analysis လုပ်ပြီး ကုမ္ပဏီတွေရဲ့ ဘဏ္ဏာရေး အခြေအနေတွေကို ဆန်းစစ်တတ်ဖို့လည်း လိုအပ်ပါတယ်။
ယခု Workshop သင်တန်းတွင် ဒီသင်ခန်းစာ တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် လက်တွေ့ အသုံးချနိုင်စေဖို့ Excel function တွေကို သုံးပြီး ကမ္ဘာကျော် ကုမ္ပဏီတွေဖြစ်တဲ့ Tesla(TSLA), Amazon (AMZN), Walmart (WMT), Microsoft (MSFT) တို့လို အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေ၊ လက်တလောမှာ Interest rate risk ကြောင့် ဆုံးရှုံးသွားတဲ့ Silicon Valley Bank နဲ့ Credit Suisse လို ကုမ္ပဏီတွေကိုပါ case studies တွေ အဖြစ် နှိုင်းယှဉ် လေ့လာရမှာ ဖြစ်ပါတယ်။ Yangon Stock Exchange မှာ Listed လုပ်ထားတဲ့ ပြည်တွင်းကုမ္ပဏီတချို့ကိုလည်း ထည့်သွင်းလေ့လာကြရမှာ ဖြစ်ပါတယ်။
Valuation ဟု ခေါ်တဲ့ ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းတွေကို Merger & Acquisition အတွက်ပဲဖြစ်ဖြစ် အစုရှယ်ယာဝေစု ပြန်ခွဲ ထုတ်ရာမှာပဲဖြစ်ဖြစ် တန်ဖိုးသတ်မှတ်တဲ့အခါမှာ သုံးတဲ့ Valuation methods (၅) မျိုးကိုလည်း Practical Exercises တွေနဲ့ ဝေဝေဆာဆာ လေ့လာရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာကျော် Investment Banks တွေဖြစ်တဲ့ Goldman Sach နဲ့ JP Morgan တို့မှာ သုံးတဲ့ နည်းလမ်းတွေကို အဓိကထား လေ့လာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
ဘဏ်လုပ်ငန်းလုပ်ကိုင်သူများ၊
ကိုယ်ပိုင် SME လုပ်ငန်း လုပ်ကိုင်သူများ၊
Finance မန်နေဂျာများ၊ Accountant များ၊
Merger & Acquisition ဆိုင်ရာ ရှေ့နေများ၊
Finance စိတ်ဝင်စားသော ကျောင်းသားများနှင့် Private Equity investors များအတွက် တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။
Certificate in Financial Modeling and Valuation with AI သင်တန်းတွင် အသေးစိတ် သင်ကြားမည့် ခေါင်းစဥ်များ -
Introduction to Financial Modeling
Financial Statement Modeling
Valuation Techniques
Advanced Financial Modeling and Sensitivity Analysis
သင်ကြားမည့်ဆရာ
ဦးဝင်းသူအောင်, (MSc (Financial Engineering) World Quant University, USA) , (MPA University of lllinois, USA), B.A (Political Science) University of Nevada , USA
သင်ကြားမှုပုံစံအသေးစိတ်
ဆရာကြီး၊ဆရာမကြီးများမှ ပေးထားသော PDF File များကို Online တွင် လေ့လာရမည်။
Lecture Note များကိုတော့ သင်ခန်းစာလေ့လာရမည့် Moodle Application/Website များမှတစ်ဆင့် Soft Copy များကို အခမဲ့ Download ရယူနိုင်ပါသည်။ Hard Copy များဝယ်ယူလိုပါကလဲ Print ထုတ်ပြီး ကျောင်းဘက်မှရောင်းပေးသွားပါမည်။
*** Attendance 100% ဖြစ်မှသာ SFU မှ ပေးအပ်သော Certificate ကိုရရှိမည်ဖြစ်ပါသည်။
သင်တန်းကြေးပေးသွင်းပုံများ
သင်တန်းကြေးကို အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်
• Wave Money
• KBZ Pay
• AYA Pay
• Mobile Banking (AYA, KBZ, CB, Yoma) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။
ငွေပေးချေပြီးသော Screenshot ကို Strategy First University Facebook Page Messenger သို့ပေးပို့ရပါမည်။
အသေးစိတ်ကို သိရှိလိုပါက - 09 250717166, 09 444 555 617 သို့ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။
• သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ်
• Strategy First ကျောင်းသားဟောင်း - ၁၀၀,၀၀၀ ကျပ်သာပေးသွင်းရပါမည်